Daily Insights

Hua Hin to Welcome High-Speed Rail Link by 2032

ထိုင်းနိုင်ငံ မီးရထားဌာန (SRT) ၏ ထုတ်ပြန်ချက်အရ၊ ဟွာဟင် ကို အမြန်မီးရထား (High-Speed Train) လမ်းကြောင်းအသစ်တွင် ပါဝင်သတ်မှတ်ထားကြောင်း သိရပါတယ်။

3 min read

မီးရထားလမ်းကြောင်းများ

မီးရထားဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ထိုင်းနိုင်ငံအနှံမှ တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းအထိ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပြီး
SRT အဆိုအရ မီးရထားဖွံ့ဖြိုးမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ မြောက်ပိုင်းလမ်းကြောင်းအဖြစ် ဘန်ကောက်မှ ချင်းမိုင် အထိဖြစ်ပြီး မြောက်ဘက်အဆင့်အဖြစ် စတင်မှာဖြစ်ပါတယ်။ အရှေ့မြောက်လမ်းကြောင်းအဖြစ် ဘန်ကောက်မှ နွိုင်ခိုင် (Nong Khai) အထိဖြစ်ပြီး အရှေ့ဘက်လမ်းကြောင်းအဖြစ် Suvarnabhumi, Don Mueang နဲ့ U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ်များကို ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါမီးရထားဟာ  ဘန်ကောက်မှ Rayong အထိ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ တောင်ပိုင်းလမ်းကြောင်းကိုတော့ အဆင့် (၂) ဆင့်ခွဲပြီး ပြေးဆွဲမှာဖြစ်ပါတယ်။ 

အဆင့် ၁: ဘန်ကောက်မှ ဟွာဟင်

ဒီအဆင့်မှာ ဘန်ကောက်မှ ဟွာဟင် အထိ မီးရထားပြေးဆွဲမှာဖြစ်ပြီး Bang Sue, Nakhon Pathom, Ratchaburi, နဲ့ Phetchaburi, စသဖြင့် စတေးရှင်း ၅ ခုကို ချိတ်ဆက်မှာဖြစ်ပါတယ်။ အကွာအဝေးမှာ ၂၁၁ ကီလိုမီတာ ဖြစ်ပြီး ၂၀၃၂ ခုနှစ်တွင် ပြီးစီးဖို့ ရည်မှန်းထားပါတယ်။

အဆင့် ၂: ဟွာဟင်မှ မလေးရှား၊ ပဒါန်ဘစာ

ဒီအဆင့်မှာတော့ ဟွာဟင်မှ ပဒါန်ဘစာ (Padang Besar) အထိ ချိတ်ဆက်သွားမည်ဖြစ်ပြီး အောက်ပါ စတေးရှင်း (၈) ခုပါဝင်ပါမယ် - 

Hua Hin

Prachuap Khiri Khan

Chumphon

Surat Thani

Nakhon Si Thammarat

Phatthalung

Hat Yai 

Padang Besar, Malaysia

ဒီလမ်းကြောင်းအတွက် အကွာအဝေးမှာ ၇၅၉ ကီလိုမီတာ ရှိပြီး ၂၀၃၇ ခုနှစ်တွင် ပြီးမြောက်ဖို့ မျှော်မှန်းထားပါတယ်။

ဈေးနှုန်းများနှင့် မီးရထားစီစဉ်ချိန်များ

  • အရှေ့မြောက်လမ်းကြောင်းအတွက် ခရီးစဉ်ဈေးနှုန်းများမှာ ၁၀၅ ဘတ်မှ ၅၃၅ ဘတ်အထိ ဖြစ်ပါတယ်။

  • တောင်ပိုင်းလမ်းကြောင်းအတွက်ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးပါ။

မီးရထားတစ်စင်းစီဟာ တစ်နာရီခွဲအကြာတိုင်း (၉၀ မိနစ်) ချင်း ထွက်ခွါမှာဖြစ်ပြီး တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ စီစဉ်ထားမှာဖြစ်ပါတယ်။ 

နိဂုံးချုပ်

အမြန်မီးရထားစနစ်ဟာ ထိုင်းနိုင်ငံအတွင်းသာမက အာဆီယံမီးရထားကွန်ယက်အတွက် လည်း အရေးပါသည့် ချိတ်ဆက်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ မလေးရှားအထိ, ထိုင်းနှင့် လာအို တစ်ဆင့်ဖြင့် ခရီးသည်များနဲ့ ကုန်ပစ္စည်းတင်ပို့မှုများကို ထောက်ပံ့နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ 

၂၀၃၂ ခုနှစ်တွင် မီးရထားကွန်ယက်စနစ် ပြီးစီးပါက ရလာဒ်ကို မြင်တွေ့နိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တက်လာပြီး၊ အစိုးရအတွက်ဝင်ငွေတိုးလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Follow us

Our Social Media