A Foreigner’s Guide to Buying Property in Thailand
သင်က နိုင်ငံခြားသားတစ်ဦးအနေနဲ့ ထိုင်းနိုင်ငံရဲ့အိမ်ခြံမြေစျေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ပုံမှန်ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲများကို သိထားပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက်မျှဝေပေးလိုက်ပါတယ်။
3 mins
၁။ ထိုင်းနိုင်ငံရှိ အိမ်ခြံမြေပိုင်ဆိုင်မှု ဥပဒေများကို နားလည်ခြင်း
နိုင်ငံခြားသားအနေနဲ့ ထိုင်းနိုင်ငံထဲမှာ မြေပြင်ကို အမည်ပိုင် (Freehold) အဖြစ် ပိုင်ဆိုင်ခွင့်မရှိပါဘူး။ ထိုင်းဥပဒေအရ မြေပြင်ကို တရားဝင်ပိုင်ဆိုင်ခြင်းကို ကန့်သတ်ထားပါတယ်။ ဒါပေမယ့် အခြားနည်းလမ်းတွေအဖြစ် -
- ကာလကြာရှည်ငှါးရမ်းတာမျိုး (Long-term leases)
- ကွန်ဒိုများကို ဝယ်ယူခြင်းတို့ ရွေးချယ်နိုင်ပါတယ်။
ဒါပေမယ့် ရွေးချယ်မယ်ဆို ထပ်မံသိထားရမှာက -
- ကွန်ဒိုတိုက်ခန်းများအတွက် နိုင်ငံခြားသားပိုင်ဆိုင်မှုကို အများဆုံး ၄၉%ပဲလက်ခံပါတယ်။
- Leasehold သက်တမ်းမှာ အများဆုံးနှစ် ၃၀ ဖြစ်ပြီးထပ်မံ သက်တမ်းတိုးရမှာဖြစ်ပါတယ်။
၂။ ဘာသာစကားကိစ္စကို ဖြေရှင်းခြင်း
အရေးကြီးတဲ့ ဥပဒေရေးရာစာရွက်စာတမ်းတွေဖြစ်တဲ့ —မြေအမည်ပိုင်မှတ်တမ်း(title deeds) နဲ့ အဝယ်စာချုပ် (purchase agreements) တို့ကို ထိုင်းဘာသာဖြင့်သာ ရေးသားထားသောကိစ္စ ပြဿနာတစ်ခု ဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ -
- အင်္ဂလိပ်/ထိုင်း နှစ်ဘာသာကျွမ်းကျင်တဲ့ ဥပဒေရှင်များ ပါဝင်တဲ့ Law firms များကို ရွေးချယ်ပါ။
- ဒါမှမဟုတ် နိုင်ငံခြားသားဥပဒေရှင်များနှင့် ထိုင်းများ ပူးပေါင်းလုပ်ကိုင်သော Law firms များကိုရွေးချယ်ပါ။
၃။ မှန်ကန်တဲ့ Law Firm ကို ရွေးချယ်ခြင်း
အိမ်ခြံမြေဝယ်ယူခြင်းအတွက် ရှုပ်ထွေးမှုမရှိစေဖို့ မှန်ကန်တဲ့ Law Firm ကိုရွေးချယ်ဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ထိုင်းမှာ အရည်အသွေးမြင့် Law Firm များစွာရှိပေမယ့် -
- တချို့မှာ ဝန်ဆောင်ခတန်ဖိုးများတတ်ပြီး
- တချို့မှာသာမန်အဆင့်ရှိပေမယ့် ဝန်ဆောင်မှုကောင်းမွန်တတ်ပါတယ်။
အထူးသတိထားရမှာက သင့်ကို ကိုယ်စားပြုနေတာမဟုတ်တဲ့ မြေပိုင်ရှင်၊ ရောင်းသူတွေနဲ့ ဆက်နွယ်နေတဲ့ Law Firm များကိုမရွေးချယ်မိစေဖို့ဖြစ်ပါတယ်။
၄။ ငွေကြေးလုပ်ငန်းစဥ်များကို လွယ်ကူစွာ ကိုင်တွယ်နိုင်ရန်
နိုင်ငံခြားသားအနေနဲ့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အခါ ငွေလွှဲနှုန်းလဲနှုန်းများ ကသက်ရောက်မှုရှိတတ်ပါတယ်။
- ထိုင်းဘတ်ဟာ နိုင်ငံခြားငွေများပေါ်မူတည်ပြီး မကြာခဏအတိုးအကျနဲ့ ပြောင်းလဲတတ်ပါတယ်။
- နိုင်ငံတကာမှ ငွေလွှဲပြုလုပ်ခြင်းအတွက် အချိန်နှင့် ငွေကြေးကုန်ကျစရိတ်များ များစွာ ပါဝင်တတ်ပါတယ်။
ဖြေရှင်းနည်းအနေနဲ့ကတော့ -
- ယုံကြည်စိတ်ချရတဲ့ Financial Institutions သို့ Currency Exchange Service တွေကိုသုံးပါ။
- ထိုင်းဘဏ်အကောင့်တစ်ခု ဖွင့်ထားခြင်းက စာချုပ်နှင့်ငွေလွှဲလုပ်ငန်းစဉ်များကို လွယ်ကူစေပါတယ်။
၅။ ဒေသအလိုက် အိမ်ခြံမြေဈေးကွက်သဘောသဘာဝများကို နားလည်ခြင်း
ထိုင်းနိုင်ငံရဲ့အိမ်ခြံမြေစျေးကွက်ဟာ ခရီးသွားလုပ်ငန်း၊ လမ်းပန်းဆက်သွယ်မှုဖွံ့ဖြိုးမှု၊ စီးပွားရေးမူဝါဒများ အပေါ် အားထားရသော ဈေးကွက်တစ်ခု ဖြစ်ပါတယ်။
သင့်ရင်းနှီးမြှုပ်နှံမှုကို ခိုင်မာစေဖို့ -
- ဒေသခံ အိမ်ခြံမြေကျွမ်းကျင်သူများနှင့် ဆက်သွယ်ပါ။
- သတင်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို နေ့စဉ်စောင့်ကြည့်ထားပါ။
ဒါကသင့်အနေနဲ့ ဝယ်ဖို့/ရောင်းဖို့ အချိန်ကို ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။