Top 10 reasons to consider investing in Thailand Real Estate Market
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး GDP များထဲမှတစ်ခုရှိသော စီးပွားရေးတက်ကြွမှုမြင့်မားသောနိုင်ငံဖြစ်ပြီး၊ နိုင်ငံ၏အခြေခံဝင်ငွေ၏တဝက်ခန့်ကို ဝန်ဆောင်မှုကဏ္ဍမှ ရရှိထားပါတယ်။ အလုပ်အကိုင်အများစုကိုလည်း ဤကဏ္ဍက ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အချိန်တိုခရီးသွားလာလိုသူ၊ ရေရှည်နေထိုင်လိုသူများနဲ့ နိုင်ငံခြားသားများတိုးတက်လာနေတာဖြစ်ပါတယ်။
3 mins
ဘန်ကောက်မြို့ - မြန်နှုန်းနဲ့တိုးတက်လာနေတဲ့ မြို့တော်
ဘန်ကောက်မြို့သည် မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်များ တိုးချဲ့လာနေပြီး၊ Suvarnabhumi လေဆိပ်သည်လည်း ကမ္ဘာတစ်ဝှမ်းလှည့်သွားနိုင်သော ပင်မသယ်ယူပို့ဆောင်ရေး ချိတ်ဆက်ဌာနဖြစ်လာခဲ့ပါတယ်။
အိမ်ခြံမြေဈေးကွက်နှင့် ခရီးသွားဧည့်သည်များ
ခရီးသွားများ တိုးလာခြင်းသည်
- အိမ်ခြံမြေငှါးရမ်းလိုမှုတိုးတက်လာခြင်း။
- ဈေးနှုန်းတက်လာခြင်းနဲ့။
- အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှတဆင့် အမြတ်ရလာစေခဲ့ပါတယ်။
မည်သည့်ဘတ်ဂျက်မဆို အိမ်ရာရှာနိုင်သော နေရာ
ထိုင်းနိုင်ငံမှာ နေထိုင်ရအဆင်ပြေတဲ့ အခန်းငယ်များမှစပြီး အဆင့်မြင့်ဗီလာအထိ ရှိပါတယ်။ Bangkok, Phuket, Hua Hin, Samui စတဲ့ မြို့ကြီးများမှာလည်း မိမိဘတ်ဂျက်အလိုက် သင့်တော်တဲ့အိမ်ခြံမြေများကို အလွယ်တကူဝယ်ယူနိုင်နေပါတယ်။ါတယ်။
Digital Nomads များအတွက် အကောင်းဆုံးနေရာ
ထိုင်းဟာ အရည်အသွေးမြင့်လူနေမှုပုံစံ
- မြန်နှုန်းမြင့်အင်တာနက်၊
- သာယာတဲ့ရာသီဥတုနဲ့
- သက်သာတဲ့အသုံးစရိတ်တို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှ Freelancer များစွာက Digital Nomad အဖြစ်နေထိုင်ရန်ရွေးချယ်လာကြပါတယ်။
Phuket သည် Freelancers များအတွက် Global Top 20 မြို့တစ်ခုအဖြစ် ရွေးချယ်ခံရပြီး ထိုင်းအစိုးရအနေနဲ့လည်း Phuket တွင် IT Zone တစ်ခု တည်ဆောက်ရန် အစီအစဉ်များပြုလုပ်နေပါတယ်။
ထိုင်းနိုင်ငံရှိ အခွန်စနစ်သည် နိုင်ငံခြားသားများအတွက် အလွန်အဆင်ပြေခြင်း
- အိမ်ခြံမြေငှားရမ်း/ရောင်းဝယ်ခြင်းများအတွက် အခွန်စနစ် သက်သာပြီး
- နှစ်စဉ် ပိုင်ဆိုင်မှု Property Tax များလည်း အလွန်နည်းပါးပါတယ်။
ဒါ့အပြင် ထိုင်းဘတ်ငွေသည် တခြားနိုင်ငံငွေလဲနှုန်းများနှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်မှုအလွန်ရှိပါတယ်။
၂၀၁၀ → ၁ USD = 33.37 ฿
၂၀၁၉ → ၁ USD = 30.15 ฿
၂၀၂၂ → ၁ USD = 33.75 ฿
နိုင်ငံခြားသားများအတွက် အိမ်ခြံမြေရောင်းဝယ်ခြင်းတွင် တားမြစ်မှုမရှိပါ
- မြေကွက်ကို ကိုယ်ပိုင်နာမည်ဖြင့်မပိုင်နိုင်ပေမယ့် Thai Limited Company ဖြင့်ပိုင်နိုင်သလို
- Condo များကို ကိုယ်ပိုင်နာမည်ဖြင့် ဝယ်ယူနိုင်ပါတယ်။
ထိုင်းမှာ အိမ်ခြံမြေ ဝယ်ယူသင့်တဲ့ အကြောင်း ၁၀ ချက်
- ခရီးသွားလုပ်ငန်းအပေါ်မူတည်သော တည်ငြိမ်တဲ့စီးပွါးရေးရှိခြင်း။
- အမြန်အမြတ်ရနိုင်သော ငှါးရမ်းအကျိုးအမြတ်ရှိခြင်း။
- တစ်နှစ်လုံးစာအငှါးဝင်ငွေရရှိနိုင်ခြင်း
- အခွန်အခသက်သာခြင်း
- တည်ငြိမ်သောငွေကြေးရှိခြင်း။
- အိမ်ခြံမြေဝယ်ယူရ ရိုးရှင်းလွယ်ကူခြင်း။
- အိမ်ခြံမြေအခွင့်အလမ်း စုံစုံလင်လင်ရှိခြင်း။
- တနိုင်ငံလုံး အိမ်ခြံမြေတောင်းဆိုမှု တက်လာခြင်း။
- အတွေ့ကြုံရှိသောအေဂျင့်များရှိခြင်း။
စျေးနှုန်းသက်သာသော အဆင့်မြင့်အဆောက်အအုံများရှိခြင်း။ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ယနေ့အချိန်ထိအထူးကောင်းမွန်နေပြီး လာမည့်နှစ်များတွင်လည်း ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။