Daily Insights

The four Quadrants of Real Estate Investment

အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အဓိကသိထားသင့်တဲ့ အစိတ်အပိုင်း 4ခု (The 4 Quadrants of Real Estate) ဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ - ‍Price, Cash Down (Equity), Net Operating Income (NOI), Cash Flow တို့ပဲဖြစ်ပါတယ်။ 

2 mins

အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အဓိကသိထားသင့်တဲ့ အစိတ်အပိုင်း 4ခု (The 4 Quadrants of Real Estate) ဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

အဲ့ဒါတွေကတော့ - 

  1. Price 
  2. Cash Down (Equity) 
  3. Net Operating Income (NOI) 
  4. Cash Flow တို့ပဲဖြစ်ပါတယ်။ 

Price ဆိုတာက မိမိဝယ်ယူရင်းနှီးမြှုပ်နှံမယ့် property ရဲ့ဝယ်ယူတဲ့စျေးနှုန်းဖြစ်ပါတယ်။ 

Cash down ဆိုတာက မိမိဝယ်ယူတဲ့ အိမ်ခြံမြေ Property အတွက် ကနဦးပေးချေရတဲ့ ပမာဏဖြစ်ပါတယ်။ ဥပမာအားဖြင့် 10% လား 20%လား 30%လား စသဖြင့်ကိုဆိုလိုပါတယ်။ 

Net Operating Income (NOI) ဆိုတာကတော့ မိမိရဲ့ property ကိုပြန်လည်ငှါးရမ်းတဲ့အပေါ်မှရရှိတဲ့ Annual Rental Income ထဲမှ အိမ်ခြံမြေရဲ့စရိတ်တွေဖြစ်တဲ့ Management Service, Repair & Maintenance, Insurance, Tax စသဖြင့် ကုန်ကျစားရိတ်များကို နှုတ်ပြီးအသားတင်ရရှိလာတဲ့ အကျိုးအမြတ်ကို NOI လို့​ခေါ်ဝေါ်သတ်မှတ်တာဖြစ်ပါတယ်။ 

Cash flow ဆိုတာကတော့ မိမိရဲ့ အသားတင်ဝင်ငွေ NOI ထဲကနေ mortgage ရှိခဲ့ရင် နှုတ်ပြီးရရှိတဲ့ ဝင်ငွေစီးဆင်းမှုကိုပြောခြင်းဖြစ်ပါတယ်။ Mortgage မရှိခဲ့လျှင်လဲ net NOI အနေနဲ့ cash flow စီးဆင်းမှုကိုဆိုလိုတာဖြစ်ပါတယ်။ 

အိမ်ခြံမြေရင်းနှီးမြှုပ်နံသူတွေအနေနဲ့ Rental income ရဲ့ အခြေခံ annual နှုန်းထားလေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။ 

8% နဲ့တူညီတယ် (သို့) 8% ထက်များတယ်ဆိုရင် Cash flow မြင့်တဲ့အခြေအနေဖြစ်ပါတယ်။ 

5-7% ကတော့ လက်ခံလို့ရတဲ့အခြေအနေဖြစ်ပြီးတော့ အိမ်ခြံမြေက စျေးကွက်မြင့်တက်နိုင်မယ့် prime location မှာရှိနေရင်တော့ အဆင်ပြေပါတယ်။ 

5% ထက်နည်းတယ်ဆိုရင်တော့ rental yield နည်းတယ်လို့ဆိုနိုင်ပြီး ရေရှည်စျေးတက်လာနိုင်မယ့် အလားအလာရှိမှသာ ဝယ်ယူသင့်ပါတယ်။ 

Follow us

Our Social Media