Daily Insights

Understanding Thailand’s Property Tax for Foreign Investors

နောက်ဆုံးထွက်သောအစီရင်ခံစာများအရ၊ ထိုင်းနိုင်ငံမှာနိုင်ငံခြားသားတွေရဲ့ အိမ်ခြံမြေဝယ်ယူမှု တိုးလာခြင်းကို မြင်တွေ့နိုင်ပြီး ဈေးကွက်အနေနဲ့ ၂၀၂၄ မှ ၂၀၂၉ အထိ တစ်နှစ်လျှင် ၁.၆၉% တိုးတက်မှုနှုန်းဖြင့် တိုးမြှင့်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ (၂၀၂၉) ခုနှစ်မှာတော့ တန်ဖိုး $2.73 trillion USD ကို ရောက်ရှိနိုင်မည်လို့မျှော်လင့်ထားပါတယ်။ ဒါပေမယ််အဲ့ဒီအခွင့်အလမ်းတွေကို အသုံးမချခင်မှာ ထိုင်းနိုင်ငံရဲ့ property tax (အိမ်ခြံမြေအခွန်) ကိုနားလည်ထားဖို့ အရေးကြီးပါတယ်။

3 min read

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်းမြင့်တက်လာတာကြောင့် နိုင်ငံခြားသားများစွာသည် ဘန်ကောက်နဲ့ ဟွာဟင်ကဲ့သို့ နာမည်ကြီးဒေသတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စတင်စဉ်းစားလာကြပါတယ်။ နောက်ဆုံးထွက်သောအစီရင်ခံစာများအရ၊ ထိုင်းနိုင်ငံမှာနိုင်ငံခြားသားတွေရဲ့ အိမ်ခြံမြေဝယ်ယူမှု တိုးလာခြင်းကို မြင်တွေ့နိုင်ပြီး ဈေးကွက်အနေနဲ့ ၂၀၂၄ မှ ၂၀၂၉ အထိ တစ်နှစ်လျှင် ၁.၆၉% တိုးတက်မှုနှုန်းဖြင့် တိုးမြှင့်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ (၂၀၂၉) ခုနှစ်မှာတော့ တန်ဖိုး $2.73 trillion USD ကို ရောက်ရှိနိုင်မည်လို့မျှော်လင့်ထားပါတယ်။ ဒါပေမယ််အဲ့ဒီအခွင့်အလမ်းတွေကို အသုံးမချခင်မှာ ထိုင်းနိုင်ငံရဲ့ property tax (အိမ်ခြံမြေအခွန်) ကိုနားလည်ထားဖို့ အရေးကြီးပါတယ်။ 

နိုင်ငံခြားသားများအတွက် ထိုင်းရှိ ပိုင်ဆိုင်မှုအမျိုးအစားများ

နိုင်ငံခြားသားတစ်ဦးအနေနဲ့ ထိုင်းမှာ မြေယာကို တိုက်ရိုက်ပိုင်ဆိုင်ခွင့်မရှိပေမယ့်၊ Land Code Act အရ အခြားရွေးချယ်မှုအချို့ရှိပါတယ်။ 

Freehold Ownership (အမြဲတမ်းပိုင်ခွင့်)

Freehold ဆိုတာကတော့ အိမ်ခြံမြေပိုင်ဆိုင်ခွင့်အားလုံးကို နိုင်ငံခြားသားက တရားဝင်ပြည့်စုံစွာပိုင်ဆိုင်နိုင်ခြင်းကိုဆိုလိုပါတယ်။
ဒီလိုပိုင်ဆိုင်ခွင့်ဟာ အထူးသဖြင့် Condominium များအတွက်သာ အသုံးပြုနိုင်ပြီးတော့ အဆောက်အဦးတစ်ခုမှာ နိုင်ငံခြားသားများဟာ စုစုပေါင်းယူနစ်ရဲ့ ၄၉% ထိ ပိုင်ဆိုင်နိုင်ပါတယ်။
Freehold property တွေဟာ ရေရှည်မှာ အခွန်ပေးဆောင်ရတဲ့ တန်ဖိုးနည်းတာကြောင့်  တန်ဖိုးမြင့်ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ 

Leasehold Ownership (ငှားရမ်းပိုင်ခွင့်)

Leasehold ဆိုတာကတော့ နိုင်ငံခြားသားဟာ မိမိပိုင်မဟုတ်တဲ့ အိမ်ခြံမြေတစ်ခုကို သတ်မှတ်ကာလ (ပုံမှန်အားဖြင့် ၃၀ နှစ်) အတွင်းအသုံးပြုခွင့်ရရှိခြင်း ကိုဆိုလိုပါတယ်။ ဒီကာလကို နှစ်ကြိမ်ထပ်မံတိုးနိုင်ပြီး စုစုပေါင်း နှစ် (၉၀) အထိပိုင်ဆိုင်နိုင်ပါတယ်။ ပိုင်ရှင်မဟုတ်တာကြောင့် အချို့အခွန်ဆိုင်ရာကန့်သတ်မှုတွေရှိနိုင်ပါတယ်။ 

ထိုင်းနိုင်ငံရှိ အိမ်ခြံမြေအခွန်အမျိုးအစားများ
1. Transfer Fee (ပိုင်ဆိုင်မှုလွှဲပြောင်းခ)

အိမ်ခြံမြေကို ဝယ်ယူရာမှာ တစ်ကြိမ်သာ ပေးရတဲ့အခွန်ဖြစ်ပါတယ်။
ထိုင်းမှာ ပုံမှန်အားဖြင့် ဒီအခွန်နှုန်းထားမှာ မြေဈေးချုပ်တန်ဖိုး၏ ၂% ဖြစ်ပြီး၊ ဒေသခံမြေယာအဖွဲ့ (Land Office) မှဖော်ပြတဲ့အတည်ပြုတန်ဖိုးအပေါ် မူတည်ပါတယ်။ 

ဥပမာ – THB 3,000,000 တန်ဖိုးရှိ condo ဝယ်ပါက Transfer Fee ဟာ THB 60,000 (၂%) ဖြစ်ပါတယ်။

2. Stamp Duty (တံဆိပ်ခွန်)

Stamp Duty ဟာအိမ်ခြံမြေကူးပြောင်းမှုတွင် တချို့အခါတွင်သာ ကျသင့်နိုင်သည့်အခွန်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မြေဈေးတန်ဖိုး၏ ၀.၅% ဖြစ်ပြီး ရောင်းသူမှ ပေးရတာဖြစ်ပါတယ်။
သို့သော် တချို့ရောင်းသူတွေက Transfer Fee ကို သက်တမ်းအတွင်း ပေးသွင်းတာကြောင့် Stamp Duty ဖိုးချမှတ်ခြင်းခံရခြင်း မရှိပါဘူး။ 

3. Withholding Tax

ဒီအခွန်ဟာ အိမ်ခြံမြေရောင်းချရာတွင် ရရှိသောအမြတ်အပေါ် မူတည်ပြီး၊ နိုင်ငံခြားသားရောင်းသူတွေမှ ကျသင့်ခံရပါတယ်။
တစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီဖြစ်မဖြစ်အပေါ် မူတည်ပြီး Tax rate ကွဲပြားနိုင်ပါတယ်။ 

  • တစ်သီးပုဂ္ဂလအတွက် – ၁% မှ ၁၅% အထိ ဖြစ်နိုင်ပြီး ပိုင်ဆိုင်မှုကြာချိန်ပေါ်မူတည်ပါတယ်။

4. Business Tax (လုပ်ငန်းအခွန်)

ဒီအခွန်မှာ ၃.၃% ဖြစ်ပြီး မြေဈေးတန်ဖိုး (သို့) ရောင်းချမှုအတည်ပြုတန်ဖိုး အပေါ် မူတည်ပါတယ်။
ပိုင်ဆိုင်မှု ၅ နှစ်အောက်ဖြစ်သည်ဖြစ်စေ၊ သီးသန့်အရောင်းလုပ်ငန်းဖြစ်သည်ဖြစ်စေ ကျသင့်နိုင်ပါတယ်။ ဒါပေမယ့် ၅ နှစ်ကျော်ပြီးမှ ရောင်းချခြင်း သို့မဟုတ် အမွေအနစ်ရရှိခြင်းဖြစ်ပါက Business Tax မကျသင့်တော့ပဲ Stamp Duty ဖိုးသာ ကျသင့်ပါတယ်။ 

ထိုင်းနိုင်ငံမှာရှိတဲ့ အိမ်ခြံမြေအခွန်စနစ်များကို နားလည်ထားခြင်းဟာ  အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ မှားယွင်းမှုများမှ လွဲရှောင်နိုင်စေပြီးတော့ တရားဝင်ပိုင်ဆိုင်မှုကို ပိုသေချာစေပါတယ်။  

Follow us

Our Social Media