Rentals

Risks and Rewards of Owning Rental Properties

Rental Properties တွေမှာရင်းနှီးမြှုပ်နှံခြင်းရဲ့ အဓိကအကျိုးကျေးဇူးကတော့ ပုံမှန်ဝင်ငွေတစ်ခု (Steady Cash Flow) ရနေတာပါ။ သင့်အနေနဲ့ ဘာမှလုပ်စရာမလိုပဲ လကုန်တာနဲ့ အိမ်ငှါးခဝင်ငွေရနေမယ်ဆိုရင် Rental Properties တွေမှာရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ပြီးတော့လူတိုင်းက အိပ်နေရင်းတောင် အပိုဝင်ငွေလိုချင်ကြတာချည်းပါပဲ။

3 mins

Rental Properties တွေမှာရင်းနှီးမြှုပ်နှံခြင်းရဲ့ အဓိကအကျိုးကျေးဇူးကတော့ ပုံမှန်ဝင်ငွေတစ်ခု (Steady Cash Flow) ရနေတာပါ။ သင့်အနေနဲ့ ဘာမှလုပ်စရာမလိုပဲ လကုန်တာနဲ့ အိမ်ငှါးခဝင်ငွေရနေမယ်ဆိုရင် Rental Properties တွေမှာရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ပြီးတော့လူတိုင်းက အိပ်နေရင်းတောင် အပိုဝင်ငွေလိုချင်ကြတာချည်းပါပဲ။ 

နောက်အကျိုးကျေးဇူးကတော့ ပိုင်ဆိုင်မှုတန်ဖိုး(Property Appreciation) တက်လာနိုင်တာပါ။ အငှါးဝင်ငွေက ပုံမှန်ဝင်ငွေရဖို့ ပံ့ပိုးပေးနိုင်တယ်ဆိုပေမယ့် တကယ် jackpot က ကိုယ်ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုကို ရောင်းလိုက်ချိန်မှာရရှိတာပါ။ တကယ်လို့ Property တန်ဖိုးက အချိန်နဲ့အမျှ တက်သွားပြီဆိုရင် အကျိုးအမြတ်တွေအများကြီးကို ရနိုင်တာဖြစ်ပါတယ်။ 

ဒါပေမယ့် Rental Property တွေပိုင်ဆိုင်ထားလို့ ကောင်းတာတွေပဲ အမြဲရှိနေတာမဟုတ်ပါဘူး။ တကယ်လို့ သင်က ကိုယ့်ဘာသာ ထိန်းချုပ်စီမံခန့်ခွဲနေတယ်ဆိုရင် အဲ့ဒါက အချိန်ကုန်စေပြီး စိတ်ပင်ပန်းစေတာမျိုးလည်းရှိပါတယ်။ အကြီးဆုံးစိန်ခေါ်မှုတွေတည်းက တစ်ခုကတော့ ကိုယ့်အိမ်ကို ငှါးတဲ့ tenants တွေနဲ့ဆက်ဆံရတာပါပဲ။ ကောင်းတဲ့ tenants တွေနဲ့တွေ့ဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပါပဲ။ တကယ်လို့ တွေ့ခဲ့ပြီဆိုရင်တောင်မှ Rent ပုံမှန်မပေးတာတွေ၊ ကိုယ့်ရဲ့အိမ်ကို ထိခိုက်ပျက်စီးစေတာတွေ စတဲ့ Risk တွေရှိနေပါသေးတယ်။ 

နောက်တစ်ခုကတော့ ပြုပြင်မွန်းမံစရိတ်တွေပါ။ Stocks နဲ့ Bonds တွေလိုမဟုတ်ပဲ အိမ်ခြံမြေတွေဟာ အချိန်နဲ့အမျှပြုပြင်ထိန်းသိမ်းနေဖို့လိုအပ်ပါတယ်။ ပစ္စည်းတွေကျိုးပဲ့သွားတာ၊ အရောင်မှိန်အိုဟောင်းသွားတာ၊ စတာတွေကို အိမ်ပိုင်ရှင်ကပဲ ပြင်ရတာပါ။ 

နောက်စိန်ခေါ်မှုတစ်ခုကတော့ အိမ်အငှါးမရပဲ အိမ်အလွတ်ကြီးဖြစ်နေချိန်ပါ။ အိမ်ကို ပြုပြင်ထိန်းသိန်းမှုတွေလုပ်နေပေမယ့် အဲ့ဒီအိမ်ကနေ ဝင်ငွေတစ်ပြားမှ ရမနေပါဘူး။ တကယ်လို့ သင့်အနေနဲ့ အိမ်ကို ငွေချေးပြီး ဝယ်ထားတယ်ဆိုရင် ပုံမှန်ပေးနေရမယ့် အတိုးနှုန်း payment ကို Rental income ကပြန်ရှာပေးမယ်လို့စဉ်းစားထားရင် အငှါးမရချိန်မှာ ကိုယ့်ဆီကအိပ်စိုက်ပေးရမှာကိုကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဒါပေမယ့်ဒီပြဿနာတွေကို Property Management ဝန်ဆောင်မှုမျိုးက ဖြေရှင်းပေးနိုင်ပါတယ်။ 

Rental Properties တွေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဝင်ငွေနဲ့ချမ်းသာမှုကိုအချိန်နဲ့အမျှတည်ဆောက်နိုင်မှာဖြစ်ပေမယ့် အခြားရင်းနှီးမြှုပ်နှံမှုတွေလိုပဲ သူနဲ့သက်ဆိုင်တဲ့ Risk တွေတော့ရှိကြစမြဲပါပဲ။ အဲ့ဒါကြောင့် ကိုယ်လုပ်မယ့်အရာကို သေချာနားလည်အောင်လုပ်ဖို့နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အရေးကြီးပါတယ်။ 

Follow us

Our Social Media