Rent-to-Own: A Hidden Strategy for Real Estate Investors
Rent-to-Own ကို Lease Option (သို့) Lease Agreement လို့လည်းခေါ်ဆိုကြပြီး အိမ်ခြံမြေစျေးကွက်မှာဆိုရင် အိမ်ငှါး (tenant) က သဘောတူညီထားတဲ့တန်ဖိုးနှုန်းတစ်ခုနဲ့ အိမ်တစ်လုံးကို အနာဂါတ်မှာ ဝယ်ယူလိုတဲ့စိတ်ဆန္ဒရည်ရွယ်ချက်နဲ့ ကြိုတင်အငှါးရယူတဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။
3 mins
Rent-to-Own ကို Lease Option (သို့) Lease Agreement လို့လည်းခေါ်ဆိုကြပြီး အိမ်ခြံမြေစျေးကွက်မှာဆိုရင် အိမ်ငှါး (tenant) က သဘောတူညီထားတဲ့တန်ဖိုးနှုန်းတစ်ခုနဲ့ အိမ်တစ်လုံးကို အနာဂါတ်မှာ ဝယ်ယူလိုတဲ့စိတ်ဆန္ဒရည်ရွယ်ချက်နဲ့ ကြိုတင်အငှါးရယူတဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။
တကယ်လို့သင့်မှာ အိမ်တစ်လုံးချက်ချင်းဝယ်ဖို့ ပိုက်ဆံမရှိဘူးဆိုပါစို့။ သင်နောင်တချိန်ဝယ်မယ့်အိမ်မှာ အရင်ငှါးနေရင်းနဲ့ ဝယ်ဖို့ပိုက်ဆံကြိုစုထားနိုင်မယ့် နည်းဗျူဟာဖြစ်ပါတယ်။ အိမ်ပိုင်ဆိုင်ထားသူကလည်း အချိန်တစ်ခုအကြာမှာ သင့်ကိုသူပိုင်ဆိုင်တဲ့ အိမ်ခြံမြေကိုရောင်းဖို့သဘောတူထားပြီး အဲ့အတွက် သင်ငှါးနေစဉ်မှာ Down payment အတွက် ငွေပမာဏတချို့ကို လစဉ်အရစ်ကျပေးနေရမှာဖြစ်ပါတယ်။
Rent-to-own က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ -
ရောင်းသူနဲ့ဝယ်သူကြားရေးထိုးတဲ့သဘောတူညီချက်စာချုပ်တစ်ခုရှိပါမယ်။
ပုံမှန်အားဖြင့်တော့ အဲ့ဒီစာချုပ်ထဲမှာ လစဉ်အိမ်ငှါးခပမာဏ၊ Purchase price (အိမ်တန်ဖိုးပုံသေ)၊ Lease duration (ငှါးမည့်ကြာချိန်)၊ Option fee ( အိမ်တန်ဖိုးရဲ့ 1-5% ကိုကြိုတင်ပေးထားရမယ့်ငွေကြေး) တွေကိုဖော်ပြထားပါတယ်။
Rent-to-own ကိုဥပမာပေးပြီးနားလည်အောင် ထပ်ရှင်းပြရမယ်ဆိုရင်
အိမ်စျေးနှုန်းက - 7.2 Million Bahts
Lease Term - 3 နှစ်
လစဉ်အိမ်ငှါးခ - 54,000 Bahts ဆ်ိုကြပါစို့။
Rent Credit ကိုတော့ 54,000 ထဲက 10,800 Bahts လို့သတ်မှတ်လိုက်ပါမယ်။
Option fee - 180,000 Bahts
အဲ့လိုနဲ့ အိမ်ငှါးသက်တမ်း(၃)နှစ်ကြာပြီးတဲ့အချိန်မှာ -
Rent Credit က (၃)နှစ်စာ ၃၆လနဲ့ စုစုပေါင်း 338,800 Bahts ပေးထားပြီးသားရှိနေမယ်။ ကြိုပေးထားတဲ့ Option fees နဲ့ ပေါင်းလိုက်တော့ စုစုပေါင်း 568,800 Bahts ကို ကြိုပေးပြီးသားဖြစ်သွားမှာပါ။
အဲ့တော့ (၃)နှစ်အကြာမှာ အိမ်တန်ဖိုးထဲက ကျန်တဲ့ 6,631,200 Bahts ပေးပြီးတာနဲ့အိမ်ကိုပိုင်ဆိုင်နိုင်မယ့်ပုံစံဖြစ်ပါတယ်။ အဲ့နောက်ပိုင်းတော့ အလုံးအရင်းပေးချေတာပဲဖြစ်ဖြစ်၊ Mortgage လျှောက်ပြီး အိမ်ဝယ်တာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဒီလို Rent-to-own Strategy မျိုးဟာ Civil & Commercial Code (CCC) ရဲ့ General lease (hire of property) rules အောက်မှာကျရောက်ပါတယ်။ ဒီအပေါ်မှာ သတိပြုရမယ့်စည်းမျဉ်းတွေကတော့ -
(၃)နှစ်ထက်ကျော်တဲ့ Lease duration တွေဆိုရင် Land office မှာစာရင်းတင်သွင်းရပါမယ်။
Leasehold maximum term က နှစ် (၃၀)ပဲဖြစ်ပြီးသက်တမ်းထပ်တိုးနိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ နှစ် (၉၀)အထိ သက်တမ်းတိုးနိုင်ပါတယ်။
ဒီစည်းမျဉ်းတွေအပေါ်လူထုအနေနဲ့
“ Land office မှာစာရင်းသွင်းတိုင်း နှစ် (၃၀)စာပဲ ရနိုင်တာ။ Non-condo တွေမှာရင်းနှီးမြှုပ်နှံရင်တော့ ငွေဆုံးရှုံးတာနဲ့အတူတူပဲ”
“Rent to own ရဲ့အားသာချက်က အိမ်ငှါးတွေက ကိုယ်ငှါးလိုက်တဲ့အိမ်ကိုသေချာထိန်းသိမ်း ပြုပြင်နေထိုင်သွားမယ့်အချက်ပဲ” လို့ပြောထားပါတယ်။
Rent-to-own Strategy ဟာ -
အချိန်နဲ့အမျှတက်လာနေတဲ့ စျေးကွက်ထဲမှာ ဒီနေ့ပေါက် စျေးနဲ့ပဲ ဝယ်ယူထားလိုသူတွေ။
ငှါးနေတုန်းမှာပဲ Equity တစ်ခုတည်ဆောက်လိုသူတွေ။
မဝယ်ခင်မှာ အရင်စမ်းနေချင်သူတွေအတွက်တော့ အထူးသင့်တော်ပါတယ်။
အခု post ကိုဖတ်နေတဲ့သူအနေနဲ့ရော ဒီအကြောင်းအရာပေါ်မှာ ဘယ်လို ထင်မြင်ချက်ရှိလဲဆိုတာ comment အောက်မှာ ပွင့်ပွင့်လင်းလင်းရေးသားမျှဝေနိုင်ပါတယ်။