Is Investing in a Real Estate Project with Rental Guarantee the Key to Financial Freedom?
“Rental Guarantee” ပါဝင်တဲ့ ပရောဂျက်ဆိုတာကတော့ အချိန်ကာလတစ်ခုအတွင်း ရင်းနှီးမြှုပ်နှံသူအတွက် သတ်မှတ်ထားတဲ့ အငှားဝင်ငွေကို အိမ်ခြံမြေဆောက်လုပ်သူ (Developer) ကတာဝန်ယူအာမခံပေးတဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအမျိုးအစား တစ်ခုဖြစ်ပါတယ်။ဒီလိုအမျိုးအစားဟာ အိမ်ခြံမြေမှာ ကိုယ်တိုင်စွဲစွဲမြဲမြဲ မပါဝင်ချင်သူတွေအတွက် အလွန်သင့်လျော်ပြီး၊ သူတို့အစား Development company ကငှားရမ်းသူရှာဖွေခြင်းနဲ့ စီမံခန့်ခွဲမှုတာဝန်ယူပေးလေ့ရှိပါတယ်။
3 min read
“Rental Guarantee” ပါဝင်တဲ့ ပရောဂျက်ဆိုတာကတော့ အချိန်ကာလတစ်ခုအတွင်း ရင်းနှီးမြှုပ်နှံသူအတွက် သတ်မှတ်ထားတဲ့ အငှားဝင်ငွေကို အိမ်ခြံမြေဆောက်လုပ်သူ (Developer) ကတာဝန်ယူအာမခံပေးတဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအမျိုးအစား တစ်ခုဖြစ်ပါတယ်။ဒီလိုအမျိုးအစားဟာ အိမ်ခြံမြေမှာ ကိုယ်တိုင်စွဲစွဲမြဲမြဲ မပါဝင်ချင်သူတွေအတွက် အလွန်သင့်လျော်ပြီး၊ သူတို့အစား Development company ကငှားရမ်းသူရှာဖွေခြင်းနဲ့ စီမံခန့်ခွဲမှုတာဝန်ယူပေးလေ့ရှိပါတယ်။
အဓိကအားဖြင့် rental guarantee ပါဝင်တဲ့ ပရောဂျက်တွေကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -
- အငှားဝင်ငွေအာမခံရှိခြင်း
- ရင်းနှီးမြှုပ်နှံမှုရဲ့ အမြတ်အတိုးမြင့်မားမှု
- အိမ်ခြံမြေထိန်းသိမ်းရေးအတွက် အကုန်အကျနည်းခြင်း
- အိမ်ခြံမြေတန်ဖိုး တဖြည်းဖြည်းတက်နိုင်ခြင်း
စတဲ့အကျိုးကျေးဇူးအများအပြားပါဝင်ပါတယ်။
Rental Guarantee ပါဝင်တဲ့ ပရောဂျက်တစ်ခုကို ရင်းနှီးမြှုပ်နှံရာမှာ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
1. အငှားဝင်ငွေ အာမခံ
ပုံမှန် rental property တွေမှာ မိမိကိုယ်တိုင် ငှားရမ်းသူရှာဖွေပြီး စီမံရတဲ့တာဝန်ရှိတာမျိုးမဟုတ်ဘဲ၊
ဒီမှာတော့ Developer က Property Management တာဝန်ကို ယူပေးပါတယ်။
ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံသူအနေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း အငှားဝင်ငွေကို အမြဲရရှိနေနိုင်ပါတယ်။
2. အမြတ်အတိုးမြင့်မားနိုင်ခြင်း
Developer တွေကယှဉ်ပြိုင်မှုအတွက် ဆွဲဆောင်မှုရှိတဲ့ Rental Guarantee တွေနဲ့ ငှါးသူတွေကို ဆွဲဆောင်နေကြတာကြောင့် ရင်းနှီးမြှုပ်နှံသူအနေနဲ့ ပိုမိုမြင့်မားတဲ့ ROI (Return on Investment) ရရှိနိုင်ပါတယ်။
3. ထိန်းသိမ်းမှုစရိတ်အကုန်အကျနည်းခြင်း
Developer မှ အိမ်ခြံမြေကို တာဝန်ယူထိန်းသိမ်းပေးလေ့ရှိသောကြောင့်၊ ရင်းနှီးမြှုပ်နှံသူအနေနဲ့ အများကြီးစိတ်ပူစရာမလိုပါဘူး။
4. အိမ်ခြံမြေတန်ဖိုး တိုးတက်လာနိုင်ခြင်း
ရောင်းသူကောင်း၊ ငှားသူကောင်းနဲ့ စီမံမှုကောင်းတဲ့ပရောဂျက်တွေမှာ အချိန်အတန်ကြာလာတာနဲ့အမျှ အိမ်ခြံမြေတန်ဖိုးတက်လာနိုင်ခြင်းရှိပါတယ်။
Rental Gurantee ပါဝင်တဲ့ ပရောဂျက်တွင် ရင်းနှီးမြှုပ်နှံမယ့်အခါ စဉ်းစားရမည့်အချက်များ
1. တည်နေရာနှင့် အနာဂတ်တန်ဖိုးတက်မှု
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ နေထိုင်ရန်အဆင်ပြေခြင်း၊ စျေးဝယ်စင်တာ၊ ပင်လယ်ကမ်းခြေစသည့် အဆင့်မြင့်အဆောက်အအုံများနဲ့ နီးစပ်တဲ့ ပရောဂျက်တွေဟာ ငှါးသူတွေကို ဆွဲဆောင်နိုင်ပြီး အနာဂတ်တန်ဖိုးတက်မှုရှိနိုင်ပါတယ်။
2. Property Management Quality
Property စီမံခန့်ခွဲမှုကောင်းမှုဟာ ငှားဝင်ငွေနဲ့ ကိုယ်ဝယ်ယူလိုက်တဲ့ အိမ်ခြံမြေရဲ့အခြေအနေကို တိုက်ရိုက်သက်ရောက်နိုင်တာကြောင့်
Developer ရဲ့ စီမံမှုအရည်အချင်းက အရေးပါပါတယ်။
3. အာမခံငှားရမ်းကာလနှင့် စည်းမျဉ်းစည်းကမ်းများ
ငှားရမ်းအာမခံကာလ (၂နှစ်၊ ၅နှစ်၊ ၁၀နှစ်…) နှင့် စည်းမျဉ်းများကို အတိအကျကြည့်ဖို့လိုပါတယ်။အချို့ developer များမှာ အငှားငွေအာမခံအတွက် အခြေအနေနှင့် သတ်မှတ်ချက်များရှိနိုင်ပါတယ်။
4. Developer ၏ ငွေကြေးတည်ငြိမ်မှု
Developer ရဲ့ ငွေကြေးတည်ငြိမ်မှုက အာမခံပေးမယ့်ဝင်ငွေကို တကယ်ပေးနိုင်မလား၊ ပိုင်ဆိုင်မှုကိုစနစ်တကျထိန်းသိမ်းနိုင်မလားဆိုတာကိုသက်သေခံပါတယ်။ လုံးဝအရေးကြီးဆုံးအချက်တစ်ခုလည်းဖြစ်ပါတယ်။
Rental Guarantee ပါဝင်တဲ့ အိမ်ခြံမြေပရောဂျက်များမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့်
- အငှားဝင်ငွေအာမခံ
- အမြတ်အတိုးမြင့်ခြင်း
- အိမ်ခြံမြေထိန်းသိမ်းမှု အလွယ်တကူဖြစ်ခြင်း
- အိမ်ခြံမြေအနာဂတ်တန်ဖိုးတက်မှု
စတဲ့အကျိုးကျေးဇူးများရှိနိုင်ပါတယ်။ ဒါပေမယ့် ငှားငွေအပေါ် ထိန်းချုပ်ခွင့်မရှိခြင်း၊ အမြတ်အတိုးနည်းလာနိုင်ခြင်း၊ စီမံခန့်ခွဲမှုအပေါ် အပြည့်အဝထိန်းချုပ်လို့မရခြင်း၊ အာမခံဖျက်သိမ်းခြင်း စတဲ့ Risk များလည်းရှိနေပါသေးတယ်။ တည်နေရာ၊ စီမံမှုအရည်အချင်း၊ အာမခံစာချုပ်အကြောင်းအရာ၊ Developerရဲ့ ယုံကြည်စိတ်ချရမှုစသည်ဖြင့် နေရာတိုင်းစဥ်းစားပြီးမှ rental guarantee ပရောဂျက်တစ်ခုကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်သင့်ပါတယ်။