Daily Insights

Navigating the Hua Hin Property Scene

Hua Hin သည် ထိုင်းနိုင်ငံ တောင်ပိုင်း၊ Prachuap Khiri Khan ပြည်နယ်မှာတည်ရှိပြီး၊ ပင်လယ်ကမ်းခြေသဘာဝအလှအပ၊ ခမ်းနားတဲ့အပန်းဖြေဟိုတယ်များနဲ့ သက်တောင့်သက်သာ အပန်းဖြေဖို့ လူသိများလာတဲ့နေရာတစ်ခုဖြစ်လာပါပြီ။ လတ်တလောနှစ်များအတွင်းမှာတော့ နိုင်ငံတွင်း၊ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသူများအကြား နေရာယူမှုမြင့်တက်လာရာကနေ လူကြိုက်များလာတဲ့ အိမ်ခြံမြေဈေးကွက်ဖြစ်လာပါတယ်။

3 mins

Hua Hin ရှိ အိမ်ခြံမြေဈေးကွက် လမ်းညွှန် 

Hua Hin သည် ထိုင်းနိုင်ငံ တောင်ပိုင်း၊ Prachuap Khiri Khan ပြည်နယ်မှာတည်ရှိပြီး၊ ပင်လယ်ကမ်းခြေသဘာဝအလှအပ၊ ခမ်းနားတဲ့အပန်းဖြေဟိုတယ်များနဲ့  သက်တောင့်သက်သာ အပန်းဖြေဖို့ လူသိများလာတဲ့နေရာတစ်ခုဖြစ်လာပါပြီ။ လတ်တလောနှစ်များအတွင်းမှာတော့ နိုင်ငံတွင်း၊ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသူများအကြား နေရာယူမှုမြင့်တက်လာရာကနေ လူကြိုက်များလာတဲ့ အိမ်ခြံမြေဈေးကွက်ဖြစ်လာပါတယ်။

ဈေးကွက်လေ့လာခြင်း

Hua Hin မှာအိမ်ခြံမြေဝယ်ယူမှုမပြုမီမှာ ဒေသတွင်းဈေးကွက်ကို သေသပ်စွာလေ့လာဖို့လိုပါတယ်။ နယ်မြေတစ်ခုချင်းစီအလိုက် ငှားရမ်းဖို့ကောင်း/မကောင်း၊ အိမ်အမျိုးအစားများ၊ ဈေးနှုန်းကွာခြားမှုများ စသည်ဖြင့် သတိပြုလေ့လာဖို့လိုအပ်ပါတယ်။

ယုံကြည်စိတ်ချရသော အိမ်ခြံမြေအေးဂျင့် တစ်ဦးနဲ့လုပ်ဆောင်ခြင်း 

Hua Hin ရဲ့ဈေးကွက်နဲ့ ဥပဒေရေးရာကျွမ်းကျင်တဲ့ Real Estate Agent တစ်ဦးနဲ့ အတူပူးပေါင်းလုပ်ဆောင်ဖို့လိုပါတယ်။ အေးဂျင့်က မိမိလိုအပ်ချက်နဲ့ ကိုက်ညီ​တဲ့ အိမ်ကိုရှာဖွေဖော်ပြပေးပြီး၊ ဥပဒေရေးရာကိစ္စများ၊ စာရွက်စာတမ်းဆိုင်ရာများမှာလည်း သေချာအကြံဉာဏ်ပေးနိုင်ပါတယ်။

ဥပဒေရေးရာကို နားလည်ခြင်း

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူရာတွင်လိုအပ်သော work permit, tax, utility transfer စသဖြင့် ဥပဒေပေါ်မူတည်တဲ့ လုပ်ငန်းစဉ်များကို နားလည်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။

စျေးနှုန်းညှိနှိုင်းမှုအတွက် ပြင်ဆင်ခြင်း

ထိုင်းနိုင်ငံမှာ ဈေးနှုန်းညှိနှိုင်းခြင်းဟာ ပုံမှန်လုပ်ဆောင်နေကြဖြစပြီး အဲ့ဒီအတွက် negotiation skills လည်းရှိထားဖို့လိုပါတယ်။ ကြေညာထားတဲ့ဈေးနှုန်းထက် ပိုပြီးလျော့နည်းစေချင်တယ်ဆိုရင် စျေးညှိနှိုင်းဖို့က မဖြစ်မနေလိုပါတယ်။ 

Rental Potential ကို သုံးသပ်ခြင်း 

ရင်းနှီးမြှုပ်နှံသူတွေအတွက် အဓိကစဉ်းစားရမယ့်အချက်ကတော့  ငှားရမ်းသူရှာရလွယ်ကူခြင်းဖြစ်ပါတယ်။ Tourists အသွားများတဲ့ နေရကောင်းတွေမှာရှိတဲ့ အိမ်တွေက ငှားရမ်းဝင်ငွေ ပိုမိုရရှိလာနိုင်ပါတယ်။

ဒေသခံယဉ်ကျေးမှုနှင့် လူမှုဖော်ပြမှုနည်းစနစ်များကို လက်ခံခြင်း

Hua Hin ရဲ့ အေးအေးချမ်းချမ်းနေထိုင်မှုစတိုင်၊ ဒေသခံဓလေ့ထုံးတမ်းများကိုလည်း သေချာလေ့လာပြီး ကိုယ်တိုင်ကျင့်သုံးနေထိုင်နိုင်ဖို့လိုပါတယ်။

တည်နေရာ (Location)

အိမ်ဝယ်ယူမယ့်အခါ ပင်လယ်ကမ်းခြေ အနီးတည်နေရာတွေက ဈေးမြင့်နိုင်ပေမယ့်လည်း ပြန်လည်ရောင်းချရာမှာ အကျိုးအမြတ်ပိုရနိုင်ပါတယ်။ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေမှာတော့ စျေးအနည်းငယ်သာရှိနိုင်ပါတယ်။

အခွန်နှင့်အခကြေးငွေများကို နားလည်ခြင်း

အိမ်ခြံမြေရောင်းဝယ်ရာမှာ Stamp Duty, Transfer Fee, တနှစ်တာ ပိုင်ဆိုင်မှုအခွန် စသည့် အခြားလိုအပ်တဲ့ ငွေကြေးများရှိပါတယ်။
ငွေစာရင်းစီမံမှုအတွက် မိမိကိုယ်တိုင် နားလည်မှု ရှိထားဖို့ လိုအပ်ပါတယ်။

Zoning Law များကိုစစ်ဆေးခြင်း 

မိမိစိတ်ဝင်စားတဲ့ အိမ်တည်ရှိတဲ့ဒေသမှာ အိမ်အသုံးပြုမှုနဲ့  ဖွံ့ဖြိုးမှုကန့်သတ်မှုများရှိ/မရှိစစ်ဆေးဖို့လိုပါတယ်။ ဒါတွေက အနာဂါတ်ပိုင်ဆိုင်မှုတန်ဖိုးအပေါ် ထိခိုက်မှုရှိနိုင်တဲ့အတွက် မိမိရင်းနှီးမြှုပ်နှံမှုအတွက် သတိပြုရန်လိုပါတယ်။

အနာဂတ်အတွက် မျှော်ကိုးပြီး ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တည်ဆောက်ခြင်း

အနာဂတ်မှာ Hua Hin ဈေးကွက်ရဲ့တန်ဖိုးမြင့်မားမှု၊ အသွင်ကူးပြောင်းမှု၊ လမ်းပန်းဆက်သွယ်မှုဖွံ့ဖြိုးမှု စတဲ့အချက်တွေကို ကြိုတင်သုံးသပ်နိုင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုရဲ့ တန်ဖိုးကို ထိန်းသိမ်းထားနိုင်ပါတယ်။ Hua Hin အိမ်ခြံမြေဈေးကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတာ သေသပ်မှု၊ ကြိုတင်စဉ်းစားမှု၊ ဗဟုသုတရှိမှု အားလုံးလိုအပ်ပါတယ်။ ဈေးကွက်သုတေသန၊ ဥပဒေရေးရာနားလည်မှု၊ အေးဂျင့်နှင့်ပူးပေါင်းမှု၊ ညှိနှိုင်းမှုစွမ်းရည်၊ ငှါးရမ်းဝင်ငွေ၊ ဒေသ့ယဉ်ကျေးမှု၊ တည်နေရာကောင်းမှု၊ Zoning စစ်ဆေးမှုတို့ကိုလုပ်ဆောင်ပြီး သင်နဲ့သင့်တော်တဲ့ အိမ်ခြံမြေတစ်လုံးကို ဟွာဟင်မှာဝယ်ယူနိုင်ပါလိမ့်မယ်။

Follow us

Our Social Media