Daily Insights

The Difference Between Freehold & Leasehold Condos in Thailand

Leasehold vs Freehold ကို ဥပမာပေးရရင်ကားဝယ်ခြင်း၊ ငှားခြင်း တို့နဲ့ ဆင်တူပါတယ်။ Freehold မှာတော့ မိမိပိုင်အိမ်ခြံမြေကို တကယ်ပိုင်ထားခြင်းဖြစ်ပြီး၊ Leasehold မှာတော့ ပိုင်ခွင့်မရှိပေမယ့် သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း အသုံးပြုခွင့်နှင့် အချို့သော အခွင့်အရေးများရှိပါတယ်။

3 min read

Freehold နှင့် Leasehold Condo များအကြား ကွာခြားချက်

ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူဖို့ စိတ်ဝင်စားသူ အများအပြားရှိပါတယ်။ တချို့အတွက်က ပင်လယ်ကမ်းခြေဘေးမှာ အေးအေးဆေးဆေးအခြေချနေထိုင်ဖို့ စိတ်ကူးယဉ်ထားတာဖြစ်ပြီး၊ တချို့အတွက်ကတော့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူချင်တာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရွေးချယ်ထားတဲ့ condo မှာ အကောင်းဆုံးရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် Freehold နဲ့ Leasehold အကြားကွာခြားချက်ကို နားလည်ထားရပါမယ်။

နိုင်ငံခြားသားများအတွက် Condo ပိုင်ဆိုင်ခွင့်

Freehold ဆိုတဲ့ပုံစံနဲ့ condo ကိုဝယ်ယူတာက နိုင်ငံခြားသားတစ်ဦးအနေနဲ့ တရားဝင်ပိုင်ဆိုင်ခွင့်ရှိတဲ့ နည်းလမ်း တစ်ခုတည်းပါပဲ။

Condominium Act B.E. 2522 (1979) အရ နိုင်ငံခြားသားများသည် အဖွဲ့အစည်းအတွင်း ၄၉% အထိ Unit များပိုင်ခွင့်ရှိနိုင်ပြီး၊ Shared/Common Property (ရေကူးကန်၊ ထိုင်ခုံဧည့်ခန်းများ)ကိုပါ အစုလိုက်အပြုံလိုက် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

Condo တစ်ခုကိုစိတ်ဝင်စားလို့ဝယ်ချင်ပြီဆိုရင်၊ ထိုကွန်ဒိုမှာ နိုင်ငံခြားသားများအတွက် Quota (၄၉%) မပြည့်သေးပါကသာ ဝယ်နိုင်မှာဖြစ်တာကြောင့် သေချာစစ်ဆေးဖို့လိုပါတယ်။

Freehold နဲ့ Leasehold အကြား ကွာခြားချက်များ

Leasehold vs Freehold ကို ဥပမာပေးရရင်ကားဝယ်ခြင်း၊ ငှားခြင်း တို့နဲ့ ဆင်တူပါတယ်။ Freehold မှာတော့ မိမိပိုင်အိမ်ခြံမြေကို တကယ်ပိုင်ထားခြင်းဖြစ်ပြီး၊ Leasehold မှာတော့ ပိုင်ခွင့်မရှိပေမယ့် သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း အသုံးပြုခွင့်နှင့် အချို့သော အခွင့်အရေးများရှိပါတယ်။

Freehold ဝယ်ယူခြင်းရဲ့ အကျိုးကျေးဇူးများ

  • အိမ်ကို တပ်ဆင်ပြင်ဆင်နိုင်ခြင်း၊ ပြုပြင်မွမ်းမံနိုင်ခြင်း။

  • Condo အတွင်းဆုံးဖြတ်မဲပေးခွင့်ရှိခြင်း (Voting Rights)

  • မိမိပိုင်အိမ်ကို နောက်တစ်ဦးဆီသို့ ရောင်းချနိုင်ခြင်း။

  • လိုအပ်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အခကြေးငွေများလျော့နည်းခြင်း။

  • ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ငွေတိုးမြှင့်နိုင်ခြင်း။

Leasehold ရဲ့ အကျိုးကျေးဇူးများ

အဓိကသတိပြုစရာက Leasehold ဟာ ငှားရမ်းခြင်းနဲ့မတူဘဲ၊ ရေရှည်သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ အချိန်ကန့်သတ်ထားတဲ့ကာလအတွင်း အသုံးပြုခွင့်၊ အိမ်ရှင်အတွက် ဝင်ငွေအာမခံရှိတဲ့အပြင်—

  • ပြန်လည်ငှားပေးနိုင်ခြင်း (Sublease or Re-rent)။

  • Leasehold ရောင်းချတဲ့အခါ Transfer Fees နည်းခြင်း။

  • Property ရဲ့ပြုပြင်ပြောင်းလဲခြင်းအပေါ် ထိန်းချုပ်ခွင့်ရှိခြင်း။

  • တစ်ဦးတည်းနေထိုင်သူများအတွက် လွယ်ကူခြင်း။

စတဲ့အကျိုးကျေးဇူးများရှိပါတယ်။

ထိုင်းနိုင်ငံမှာ condo ဝယ်ယူချင်သူတွေအတွက် Freehold နဲ့ Leasehold နှစ်မျိုးစလုံးဖြင့် condo များစွာ ရနိုင်ပါတယ်။ သို့သော် မိမိဘဝနေထိုင်မှုပုံစံနဲ့ ကိုက်ညီမည့် အိမ်ခြံမြေတစ်ခု ရွေးချယ်ဖို့ဆိုရင် Real Estate Company ရဲ့အကူအညီ လိုအပ်ပါတယ်။ Venture Estate မှ အတွေ့အကြုံရှိ Real Estate Agent များက သင့်လိုအပ်ချက်တွေကို နားထောင်ပြီး၊ ထိုင်းနိုင်ငံမှာ ဝယ်ယူလို့ရမယ့်  စိတ်တိုင်းကျအိမ်ကို သင့်အတွက်ရှာဖွေပေးနိုင်ပါတယ်။ ကွန်ဒို၊ အိမ်၊ Apartment များကို ထိုင်းနိုင်ငံတွင် ဝယ်ယူဖို့စိတ်ဝင်စားရင်တော့ Venture Estate ကိုဆက်သွယ်လိုက်ပါ။

Follow us

Our Social Media