Bangkok Residential Market Report for 2025, Q1
၂၀၂၅ ခုနှစ်အစမှာ ဘန်ကောက်အိမ်ခြံမြေဈေးကွက်က စဉ်းစားစရာအချက်များနဲ့စတင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ Real Estate Developer တွေအနေနဲ့ စီမံကိန်းအသစ်တွေကို တက်တက်ကြွကြွ မိတ်ဆက်လာပြီး ရေရှည် စျေးကွက်တောင်းဆိုမှုအပေါ် ယုံကြည်မှုရှိကြောင်းပြသခဲ့ပါတယ်။ တစ်ဖက်မှာတော့ ငှားသူ/ဝယ်သူဘက်က အိမ်ခြံမြေအကြွေးတွေနဲ့ စျေးကွက်အပြောင်းအလဲတွေကြောင့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
3 min read
1. စျေးကွက်အနှစ်ချုပ် (Market Overview)
၂၀၂၅ ခုနှစ်အစမှာ ဘန်ကောက်အိမ်ခြံမြေဈေးကွက်က စဉ်းစားစရာအချက်များနဲ့စတင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ Real Estate Developer တွေအနေနဲ့ စီမံကိန်းအသစ်တွေကို တက်တက်ကြွကြွ မိတ်ဆက်လာပြီး ရေရှည် စျေးကွက်တောင်းဆိုမှုအပေါ် ယုံကြည်မှုရှိကြောင်းပြသခဲ့ပါတယ်။ တစ်ဖက်မှာတော့ ငှားသူ/ဝယ်သူဘက်က အိမ်ခြံမြေအကြွေးတွေနဲ့ စျေးကွက်အပြောင်းအလဲတွေကြောင့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
Condo အသစ်တွေပေါ်ထွက်လာခြင်း
(၂၀၂၄) ခုနှစ် Q4 နဲ့နှိုင်းယှဉ်လိုက်တဲ့အခါ ဘန်ကောက်မြို့တွင်း condo အသစ် (၄၄၈၅) ယူနစ်ကို Developer တွေက မိတ်ဆက်ခဲ့ပါတယ်။ ဒါက ၃၅.၂% အထိတိုးတက်လာတာဖြစ်ပါတယ်။ ဒီလိုမြန်ဆန်တဲ့တိုးတက်မှုဟာ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှု၊ ထိုင်းနိုင်ငံပြန်လည်ဖွင့်လှစ်မှုနဲ့ မြို့ပြရွှေ့ပြောင်းမှုတို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်သူတွေက Condo အသစ်တွေဝယ်ဖို့တွန့်ဆုတ်နေတယ်ဆိုရင် oversupply ဖြစ်လာနိုင်ပါတယ်။
အရောင်းအားအနည်းငယ်ကျဆင်း
Presale အရောင်းနှုန်းက ၅၀% ထဲကနေ ၄၃.၄% ထိကျလာပါတယ်။ ဒါက ချေးငွေခက်ခဲမှု၊ အသုံးစရိတ်မြင့်တက်မှုများကြောင့်ဖြစ်နိုင်သလို ဝယ်သူတွေက Condo တွေမဝယ်ခင် ပိုပြီး စဉ်းစားဆုံးဖြတ်လာနေကြတာဖြစ်ပါတယ်။
Developer တွေရဲ့အမြင်
Developer အများစုကတော့ စီမံကိန်းအသစ်တွေ ထပ်မံမိတ်ဆက်ဖို့ထက် လက်ရှိရှိနေတဲ့စတော့တွေကို clear လုပ်ဖို့အာရုံစိုက်နေကြတာဖြစ်ပါတယ်။
ဈေးကွက်မသေချာမှုတွေဟာ ချေးငွေစနစ်၊ စည်းမျဉ်းနဲ့ မိသားစုတွေမှာရှိနေတဲ့ အကြွေးတွေကြောင့်ဖြစ်ပါတယ်။
Condo ဈေးနှုန်းတဖြည်းဖြည်းတက်လာခြင်း
REIC condo price index ဟာ ၂၀၂၄ ခုနှစ် Q4 မှာ နှစ်သက်တိုး ၃.၄% မှ ၃.၆% တိုင်အောင်မြင့်တက်လာပါတယ်။ Buyer လှုပ်ရှားမှုနည်းသွားပေမယ့် Lower Sukhumvit နဲ့ Rama 9 ကဲ့သို့တည်နေရာကောင်းတဲ့နေရာတွေမှာ ဝယ်လိုနှုန်းက မလျော့သွားပါဘူး။ ဒါ့အပြင်ကိုမှ မြေဈေးနှုန်းနဲ့ ဆောက်လုပ်မှုကုန်ကျစရိတ်တက်လာခြင်းတို့ကလည်း Condo စျေးနှုန်းတွေကို မြင့်တက်လာစေတာဖြစ်ပါတယ်။
2. ဈေးနှုန်းနဲ့ ပမာဏအလိုက် ဝယ်သူအာရုံစိုက်မှု
ချေးငွေကန့်သတ်မှုနဲ့ မိသားစုအသုံးစရိတ်များလာမှုတွေကြောင့် ဝယ်သူတွေအနေနဲ့ သူတို့အတွက်တန်ဖိုးရှိပြီး ပိုအသုံးဝင်မယ့် အိမ်ခြံမြေကို ဦးစားပေးနေကြပါတယ်။
အလတ်စား Condo များ (၅–၁၀ မီလီယံ ဘတ်)
ဒီစျေးနှုန်းမှာရှိတဲ့ condo တွေကိုတော့ လင်မယားနှစ်ဦးဝင်ငွေရှိသူတွေနဲ့ လက်ရှိရှိနေတဲ့ Condo ကို ပိုမိုအဆင့်မြှင့်တင်လိုသူတွေ စိတ်ဝင်စားနေကြတဲ့ ဈေးကွက်ဖြစ်ပါတယ်။တည်နေရာ၊ စနစ်တကျဝန်ဆောင်မှုနဲ့ စျေးနှုန်းတန်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။
Low-rise အိမ်များ
Phra Khanong နဲ့ Bang Na စတဲ့နေရာတွေမှာ ကျော်ကြားလာပါတယ်။ အထူးသဖြင့် Bangna မှာဆိုရင် နေရာကျယ်တဲ့အိမ်တွေ၊ ကျောင်းနဲ့ lifestyle center တွေနီးတာကြောင့် မိသားစုဝင်တွေအနေနဲ့ အဲ့ဒီဘက်ကို ပိုစိတ်ဝင်စားလာကြပါတယ်။
3. နေရာကောင်းများ (Location Highlights)
ဘန်ကောက်မြို့ရဲ့ အားသာချက်ကြီးတစ်ခုက အမျိုးမျိုးသော Sub-market တွေရှိတာပါ။ Budget မတူတာနဲ့ LifeStyle မတူတာအပေါ်မူတည်ပြီး စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။
- Riverfront / Waterfront
Prestige နဲ့မြင်ကွင်းကောင်းတာကို ဦးစားပေးဝယ်ယူလိုသူတွေအတွက် အထင်ကရဖြစ်နေဆဲဖြစ်ပါတယ်။ Project အသစ်နည်းလာပေမယ့် ရှိပြီးသား project တွေအနေနဲ့ မူလတန်ဖိုးကို ထိန်းထားနိုင်ပါတယ်။ - Sathorn / Silom
Traditional CBD ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုနဲ့ ရုံးခန်းနီးတဲ့ အားသာချက်တွေကြောင့် Premium Condo တွေရှိနေဆဲဖြစ်ပါတယ်။ - Central Sukhumvit (Asoke–Thonglor–Phrom Phong)
စျေးကွက်အတွင်း rental yield ကောင်းပြီး သက်သာတဲ့ investment options တွေ ရရှိနေပါတယ်။ Loan-to-value စည်းမျဉ်းပြေလျော့လာတာလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။ - Lumpini / Rama IV
One Bangkok နဲ့ mixed-use project တွေကြောင့် ဒီနယ်မြေဟာ Business နဲ့ Lifestyle ပေါင်းစပ်ထားတဲ့ hub တစ်ခုဖြစ်လာပါတယ်။ - Lower Sukhumvit (Phra Khanong–On Nut–Udom Suk)
ပထမဆုံးစတင်ဝယ်လိုသူတွေအတွက် ၅–၈ မီလီယံထဲမှာရှိပြီး condo price appreciation မြင့်နေတဲ့ နေရာဖြစ်ပါတယ်။
- Rama 9 Corridor
Digital professional တွေ၊ Entrepreneur တွေစိတ်ဝင်စားတဲ့ တည်နေရာ hub ဖြစ်လာပါတယ်။
Mid-market Condo အသစ်တွေ (၁၀ မီလီယံအောက်) ကို smart layout, co-living amenities စနစ်နဲ့ ဖြန့်ချီနေကြပြီးတော့ MRT & Orange Line Extension တွေကြောင့်နေရာတန်ဖိုးပိုမြင့်တက်လာနေပါတယ်။
4. (၂၀၂၅) Housing Market ကြိုတင်ခန့်မှန်းချက် (Forecast)
- အိမ်ခြံမြေဈေးနှုန်းတွေဟာ အထူးသဖြင့် မြို့နယ်နဲ့ နယ်ခြားနယ်ပယ်တွေမှာ နှစ်စဉ် ၃–၄% အထိတက်လာမယ်လို့ခန့်မှန်းထားပါတယ်။
- Household debt မြင့်နေတာကြောင့် အဝယ်စျေးကွက် အနည်းငယ်ငြိမ်နေနိုင်ပါတယ်။
- Lower Sukhumvit, Bang Na, Rama 9 နေရာတွေဟာ lifestyle value နှင့် investment potential အတွက် အဓိက နေရာတွေဖြစ်လာပါတယ်။
ဘန်ကောက်မှာကွန်ဒိုအရောင်း၊အဝယ်၊ အငှါးပြုလုပ်လိုတယ်ဆိုရင်တော့ Venture Estate ကို ယုံယုံကြည်ကြည်ဆက်သွယ်နိုင်ပါတယ်။