Daily Insights

Bangkok Districts to Be Cautious Of During Your Stay

ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်ပြီး၊ တစ်ချိန်လုံး ကမ္ဘာလှည့်ခရီးသွားများနဲ့ စည်ကားပျော်ရွှင်စရာ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ကောက်မြို့ရဲ့ အချို့ရပ်ကွက်၊နေရာများကတော့ လူအတော်များများအတွက် သတိထားရမယ့် အန္တာရယ်များတဲ့ရပ်ကွက်တွေဖြစ်ပါတယ်။ 

3 mins

ဘန်ကောက်မြို့တွင် ခရီးသွားစဉ်အတွင်း ရှောင်ကြဉ်သင့်သော ရပ်ကွက်များ

ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်ပြီး၊ တစ်ချိန်လုံး ကမ္ဘာလှည့်ခရီးသွားများနဲ့ စည်ကားပျော်ရွှင်စရာ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ကောက်မြို့ရဲ့ အချို့ရပ်ကွက်၊နေရာများကတော့ လူအတော်များများအတွက် သတိထားရမယ့် အန္တာရယ်များတဲ့ရပ်ကွက်တွေဖြစ်ပါတယ်။ 

Patpong ရပ်ကွက်

Patpong ရပ်ကွက်ဆိုတာ နာမည်ကြီး nightlife ဧရိယာတစ်ခုဖြစ်ပြီး၊ hostess bar များ၊ အရွယ်ရောက်သူများအတွက်ဖျော်ဖြေမှုများနှင့် ပြသမှုများအစုံရှိပါတယ်။ အဲ့ဒီလိုဖျော်ဖြေမှုများကို မကြိုက်ကြတဲ့သူတွေအတွက်ကတော့ ရှောင်ကြဉ်သင့်ပါတယ်။ တခါတလေ ညဘက်ထွက်လည်စရာကောင်းတဲ့နေရာဖြစ်ပေမယ့်လည်း လိမ်လည်မှုများ မကြာခဏဖြစ်ပွါးတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ 

Ping Pong Show လိမ်လည်မှု

Patpong ရပ်ကွက်တွင် အများဆုံးတွေ့ရနိုင်သော လိမ်လည်မှုတစ်ခုမှာ “Ping Pong Show” Scam ပဲဖြစ်ပါတယ်။ ရောင်းချသူတွေက အဲ့ဒီ ping pong show တွေကိုအေးဆေးသောက်နေပြီးကြည့်လို့ရတယ်လို့လှည့်ဖြားခေါ်ပြီး ဘေရှင်းမယ့်အချိန်မှာစျေးကို မတရားတင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ 

Nana Plaza ရပ်ကွက်

Nana Plaza သည်လည်း Patpong ကဲ့သို့ပင် hostess bar များနှင့် အရွယ်ရောက်သူအတွက် ညဖျော်ဖြေမှုနေရာဖြစ်ပါတယ်။
လှပတဲ့ nightlife နေရာအဖြစ် နိုင်ငံခြားသားအများအပြားလာရောက်ကြပြီး
Patpong ထက် တချို့မှာ စျေးသက်သာပေမယ့်လည်း လိမ်လည်မှု၊ အန္တရာယ်များရှိနိုင်ပါသေးတယ်။ 

မဖြစ်မနေသွားလည်ချင်တယ်ဆိုရင် အောက်ပါအကြံပြုချက်များအား လိုက်နာပါ။

  • မူးယစ်အရက် များစွာမသုံးပါနှင့်။
  • မလိုအပ်သော ပစ္စည်းများ မယူဆောင်ပါနှင့်။
  • တစ်ဦးတည်းနဲ့အပြင်မထွက်ပါနှင့်။
  • ကိုယ်ပိုင်ပစ္စည်းများကို အမြဲစောင့်ရှောက်ပါ။

Khaosan Road ရပ်ကွက်

Khaosan Road သည် အသက် ၂၀ မှ ၃၀ ကြား ခရီးသွားများအကြားအလွန်ကျော်ကြားတဲ့ နေရာဖြစ်ပါတယ်။ Youth hostels, bar များနှင့် ထိုင်း street food စုံစုံလင်လင်ကိုတွေ့နိုင်ပါတယ်။ 

လူငယ်များနှင့် ပျော်စရာသဘင်ဖန်တီးရန်နေရာကောင်းပေမယ့်၊

📌 အောက်ပါအန္တရာယ်များကိုသတိပြုပါ –

  • အိတ်ဖောက်သူများ (Pickpockets) – လူစုလူဝေးများတွင် အထူးသတိထားရန်

တရားမဝင်ကုန်ပစ္စည်း ရောင်းသူများ – ထိုင်းငွေအတု၊ မူးယစ်ဆေးဝါး

လိမ်လည်မှုနှင့် အန္တရာယ်များမှ ကာကွယ်ရန်အတွက် အကြံပြုချက်များ

  • လမ်းပေါ်၊ MRT/BTS မှာ မတော်တဆ နီးကပ်လာသောသူများနောက်ကို မလိုက်ပါနှင့်။

  • ပိုက်ဆံအများကြီး မယူပါနှင့်၊ တန်ဖိုးရှိသောပစ္စည်းများကို ဟိုတယ်ရှိသေချာသောနေရာများတွင်ထားပါ။

  • ညအချိန်မှာသွားလာရာတွင် သတိထားပြီး ကိုယ်ပိုင်ပစ္စည်းများကို အမြဲသတိတရ ထိန်းသိမ်းစောင့်ရှောက်ပါ။

  • မူးယစ်ဆေးဝါးကို ဝယ်ယူရန်သော်လည်းကောင်း၊ စမ်းသုံးရန်သော်လည်းကောင်း မလုပ်ပါနှင့်။

ဘန်ကောက်မြို့ဟာ အလွန်ပျော်စရာကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပေမယ့်လည်း အချို့သောရပ်ကွက်များဟာ ခရီးသွားများအတွက် အန္တရာယ်ရှိနိုင်သောနေရာများဖြစ်ပါတယ်။

Follow us

Our Social Media